Monday, November 5, 2018

NLD ၏ အစမ်းစာမေးပွဲ

 ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများသို့ Testing (သို့) အစမ်းစာမေးပွဲ သို့ စိန်ခေါ်မှုကြီးတစ်ခုလုပ်ခဲ့သည်။ အကြောင်းအရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အ၇ပ်သားအစိုးရတက်လာပြီးနောက် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပေသည်။ေ၇ွးကောက်ပွဲ ရလဒ်များသည် မျှော်မှန်းထားသလောက် အောင်မြင်မှုများ မရခဲ့ကြ။ NLD ဦးဆောင်သည့် အ၇ပ်သားအစိုးရ အတွက် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆငးထားနိုင်ရန် တပ်လှန့်နိုးဆော်လိုက်ခြင်း ဖြစ်ပါသည်။ NLD ဦးဆောင်သည့် အ၇ပ်သားအစိုးရ တက်လာပြီး များမကြာမီမှာပင် အနောက်တံခါးကို ARSA အဖွဲ့မှ သွေးတိုးစမ်းခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ မီဒီယာများတွင် မြန်မာအရေးက ထိပ်ဆုံးသို့ရောက်ခဲ့သည်။ ကမ္ဘာ့ နိုင်ငံများ၏ သြဇာအရှိဆုံးဖြစ်သည့်  ကမ္ဘာ့ ကုလသမဂ္ဂ တွင် မြန်မာနိုင်ငံအရေးကို တံခါးပိတ်ဆွေးနွေးရသည့် အဆင့်သို့ရောက်ခဲ့ပြီး Veto ကျင့်သုံးခွင့်ရှိသည့် နိုင်ငံများနှင့် အချေအတင်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအား ICC တရားရုံးသို့ ထိရောက်သည့် အရေယူမှုများ ချမှတ်ပေးရန် OIC အဖွဲ့မှ တင်ပြခဲ့သည် ကို အခြားသော ကုလအမြဲတမ်းအဖွဲ့ဝင် နိုင်ငံအချို့မှ လက်ခံဆွေးနွေးခဲ့ခြင်းမရှိချေ။
NLD ကျရှုံးရခြင်း၏ အဓိကအချက်များ
 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အ၇ပ်သားအစိုးရသည် အနောက်တံခါးကိစ္စကို နိုင်ငံတကြာ အသိုင်းအ၀ိုင်းများအကြား  ဆောလျှင်စွာ ဖြေရှင်းမှုများ မပြုလုပ်ခဲ့ခြင်းသည် NLD ကျရှုံးရခြင်း၏ အဓိကအချက် ဖြစ်သည်။

No comments:

Post a Comment